မြန်မာနိုင်ငံတစ်ဝန်းတွင် ဖွင့်လှစ် သင်ကြားလျှက်ရှိသည့် ယဉ်ကျေးလိမ္မာသင်တန်းများ၊ နွေရာသီ ယဉ်ကျေးမှုသင်တန်းများ၊ ဓမ္မကျောင်းတော်များနှင့် Sunday Dhamma School စသည်တို့တွင် ယဉ်ကျေးမှု ဘာသာရပ်ကို သင်ကြားပြသနေသည့် ဆရာ၊ဆရာမများအား နေပြည်တော် သပြေပင်ကျေးရွာ ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှု နည်းပြဆရာဖြစ်သင်တန်းနှင့် မွမ်းမံသင်တန်းတို့ကို ဖွင့်လှစ်ပို့ချလျှက်ရှသည်။
သင်တန်းတွင် ကလေးဗဟိုပြုချဉ်းကပ်သင်ကြားနည်း(Child-Centred Approach) ၊ ဘာသာရပ်ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲများ(Work-shop)၊ စင်တင်စကားပြောပွဲများ(Role Play)၊ စကားရည်လုပွဲများ(Debate)၊ အုပ်စုလိုက်ဆွေးနွေးပွဲများ(Group Discussion)၊ စာတမ်းများပြုစုတင်ပြစေခြင်း(Buddha Dhamma Paper Presentation) တို့ဖြင့် ဗုဒ္ဓဘာသာယဉ်ကျေားမှုသင်ခန်းစာကို ကမ္ဘာ့အဆင့်မှီသင်ကြားနည်းစနစ် အမျိုးမျိုးဖြင့် လူငယ်များအား သင်ကြားတတ်စေရန် သင်ကြားပြသပေးနေပါသည်။
သင်တန်းတက်ရောက်လိုသူများသည် နည်းပြဆရာဖြစ်သင်တန်းရုံး ဖုန်းအမှတ် ၀၉ ၈၃၀ ၄၄ ၄၆၊ ၀၉ ၂၅၄၀ ၂၆၇၆၃၊ ၀၉ ၄၃၉၇၅၇၀၅၄နှင့် Email လိပ်စာ dhammatrainingcenter@gmail.com သို့ Online မှ ဆက်သွယ် လျှောက်ထားနိုင်ပါသည်။ လျှောက်ထားရာတွင် အမည်၊အသက်၊ ပညာအရည်အချင်း၊ အလုပ်အကိုင်နှင့် ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်တို့ကို ဖောပြပေးရပါမည်။
လစဉ် သင်တန်းဖွင့်လှစ်ထားရှိပြီး သင်တန်းကာလမှာ (၁၀) ရက်ဖြစ်ပါသည်။
No comments:
Post a Comment