Monday, July 21, 2014

မကွေးတိုင်းဒေသကြီးတွင် ဓမ္မကျောင်းတော်အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှု ဆရာ၊ဆရာမ များမွမ်းမံသင်တန်းဖွင့်လှစ်သင်ကြားခဲ့

    အခြေခံဗုးဒ္ဓဘာသာယဉ်ကျေးမှု ဆရာ၊ ဆရာမများ မွမ်းမံသင်တန်း အမှတ်စဉ် (၂၃/၂၀၁၄) ကို မကွေးမြို့၊ မြို့တော်ခန်းမတွင် မေလ ၅ ရက်နေ့မှ၉ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားခဲ့ပါသည်။
      သင်တန်းကို  နေပြည်တော်၊လယ်ဝေးမြို့နယ်၊ သပြေပင်ကျေးရွာ ရန်ကင်းတောရ ပရိယတ်၊ပဋိပတ်ဌာန ဓမ္မကျောင်းတော် နည်းပြဆရာဖြစ် သင်တန်းဌာနမှ  သြဝါဒစရိယ ဆရာတော် အရှင်ခေမာနန္ဒမှ ဦးစီး၍ ပညာရေးဌာနမှ အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများက ကျောင်းသားလူငယ်များ၏ နှလုံးသားဝယ် ဘာသာတရားကို ချစ်ခင်မြတ်နိုးတတ်စေရန် အတွက် ဗုဒ္ဓဘာသာ အခြေခံတရားတော်များ ယဉ်ကျေး လိမ္မာ သိမှတ်ဖွယ်ရာများကို ဟောပြောဆွေးနွေးပို့ချပေးခဲ့ပါသည်။
      သင်တန်းတွင် မကွေးမြို့နယ်၊ မင်ဘူးမြို့နယ်၊ မင်းလှမြို့နယ်နှင့် ငဖဲမြို့နယ် အခြေခံပညာရေးကျောင်း များမှ ဆရာ၊ဆရာမများ စုစုပေါင်း(၁၃၀၀)ဦးကျော်တက်ရောက်ခဲ့ပါသည်။
      သင်တန်းဆင်ပွဲအခမ်းအနားကို ၉ ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် ကျင်းပခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေ တက်ရောက်၍ သင်တန်းတက်ရောက်သော ဆရာ၊ဆရာမများ ကို နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ပါသည်။

            

No comments: