Tuesday, April 22, 2014
Tuesday, April 15, 2014
သင်္ကြန်အခါသမယတွင် ဝိပဿနာတရားစခန်းနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုလူငယ်သင်တန်းဖွင့်လှစ်လျှက်ရှိ
ယခုနှစ် သင်္ကြန်နှစ်သစ်ကူးရုံးပိတ်ရက် ကာလတွင် ရန်ကင်းတောရ၊ ပရိယတ်၊ပဋိပတ်ဌာန ဓမ္မကျောင်းတော် နည်းပြဆရားဖြစ် သင်တန်းဌာနတွင် သင်္ကြန်တရားစခန်းနှင့် ဓမ္မကျောင်းတော် အခြေခံဗုဒ္ဓ ဘာသာယဉ်ကျေးမှု လူငယ်သင်တန်း နှင့် ၀ိပဿနာတရား စခန်း ဖွင့်လှစ် ထားပါသည်။
အဆိုပါသင်တန်းကို မြန်မာနိုင်ငံအတွင်ရှိ မြို့နယ်အသီးသီးမှ လူငယ်မောင်မယ်များ စုစုပေါင်း (၅၀)ဦးကျော် တက်ရောက် သင်ကြားလျှက်ရှိပါသည်။
(၂၀၁၄) ခုနှစ် မြန်မာ့နှစ်သစ်ကူးရုးပိတ်ရက် ချိန်တွင် လူငယ်၊လူရွယ်များအတွက် ဓမ္မကျောင်းတော် အခြေခံ ဗုဒ္ဓဘာသာယဉ်ကျေးမှု (လူငယ်)သင်တန်းကို ဖွင့်လှစ်ပေးလျှက်ရှိပါသည်။
Sunday, April 13, 2014
Saturday, March 29, 2014
ဓမ္မကျောင်းတော်အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုလူငယ်သင်တန်းဖွင့်လှစ်သင်ကြားလျှက်ရှိ
ဓမ္မကျောင်းတော် နည်းပြဆရာဖြစ်သင်တန်းဌာတွင် ဓမ္မကျောင်းတော် အခြေခံ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု လူငယ်သင်တန်းကို ယခုလ (၂၆) ရက်နေ့မှ (၃၁) ရက်နေ့အထိ ဖွင့်လှစ်သင်ကြား လျှက်ရှိပါသည်။ သင်တန်းသို့ မြို့နယ်အသီးသီးမှာ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေပြီးကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၇၀)ကျော်တက်ရောက်လျှက်ရှိပါသည်။
ကျောင်းသားကျောင်းသူများ လိမ္မာယဉ်ကျေးပြီး အမျိုးဘာသာ သာသနာတော်အပေါ် မြတ်နိုးကာ ဘဝအဓိပ္ပါယ်၊ ဘဝနေနည်းနှင့် ဘဝအောင်မြင်ရေးအတွက်ပါ ရည်ရွယ်ပြီးသင်ကြားလျှက်ရှိပါသည်။
ကျောင်းသားကျောင်းသူများကို သင်ကြားရာတွင် ကမ္ဘာ့အဆင့်မီပညာသင်ကြားနည်းစနစ် ဖြစ်သည့် (CCA) Child Centred Approach ကလေးဗဟိုပြုချဉ်းကပ်သင်ကြားနည်းများဖြစ်သော
သင်တန်းပို့ချရာတွင် သင်ထောက်ကူပစ္စည်းများအား အသုံးပြုပုံ
Group Discussion(အုပ်စုလိုက်ဆွေးနွေးခြင်း)
Role-play( စင်တင်စကားပြောပွဲများ)
ကျောင်းသားကျောင်းသူများ လိမ္မာယဉ်ကျေးပြီး အမျိုးဘာသာ သာသနာတော်အပေါ် မြတ်နိုးကာ ဘဝအဓိပ္ပါယ်၊ ဘဝနေနည်းနှင့် ဘဝအောင်မြင်ရေးအတွက်ပါ ရည်ရွယ်ပြီးသင်ကြားလျှက်ရှိပါသည်။
ကျောင်းသားကျောင်းသူများကို သင်ကြားရာတွင် ကမ္ဘာ့အဆင့်မီပညာသင်ကြားနည်းစနစ် ဖြစ်သည့် (CCA) Child Centred Approach ကလေးဗဟိုပြုချဉ်းကပ်သင်ကြားနည်းများဖြစ်သော
သင်တန်းပို့ချနေပုံ
အကြိုစမ်းစစ်လွှာဖြေဆိုခြင်း
သင်တန်းပို့ချရာတွင် သင်ထောက်ကူပစ္စည်းများအား အသုံးပြုပုံ
Group Discussion(အုပ်စုလိုက်ဆွေးနွေးခြင်း)
Role-play( စင်တင်စကားပြောပွဲများ)
Thursday, March 27, 2014
ဓမ္မကျောင်းတော် နှစ်ပတ်လည်အစည်းအဝေး (၂၀၁၄)၏ ဆုံးဖြတ်ချက်များ
ဓမ္မကျောင်းတော်နှစ်ပတ်လည် အစည်းအဝေးကို (၂၀၁၄)ခုနှစ်မတ်လ(၂၃)ရက် နေ့မှ (၂၄)ရက်နေ့
အထိ မြန်မာနုင်ငံ တစ်ဝှမ်း ဖွင့်လှစ်ထားရှိသည့်ဓမ္မကျောင်းတော်ပေါင်း (၃၀၄)ကျောင်း ရှိသည့်အနက်
(၁၅၀)ကျောင်းမှ ဆရာတော်၊သံဃာတော်(၁၈)ပါး၊ ဆရာ၊ဆရာမများနှင့် တာဝန်ရှိပုဂ္ဂိုလ်များစုစုပေါင်း
(၃၀၄)ဦးတက်ရောက်ခဲ့ကြပါသည်။ ရှေ့လုပ်ငန်းစဉ်အဖြစ် ဆုံးဖြတ်ချက်(၅)ချက် ကို
(၃၀၄)ဦးတက်ရောက်ခဲ့ကြပါသည်။ ရှေ့လုပ်ငန်းစဉ်အဖြစ် ဆုံးဖြတ်ချက်(၅)ချက် ကို
ချမှတ်နိုင်ခဲ့ပါသည်။
၁။ ဓမ္မကျောင်းတော် တတ်ရာက်နေကြသည့် ရင်သွေးငယ်များ၏စာတတ်မြောက်မှု ကို စားမေးပွဲ
စနစ်တစ်ခုတည်းဖြင့်မသတ်မှတ်ရန်ဆုံးဖြတ်ခဲ့ကြပါသည်။
၂။ ဓမ္မကျောင်းတော် စာသင်နှစ်အတွင်း သင်ရိုးကုန်ရန် ပဓါနမထားဘဲစာတတ်ရန်ကိုသာ ပဓါန
ထားသင်ကြားရန် ဆုံးဖြတ်ကြပါသည်။
၃။ ထေရဝါဒဗုဒ္ဓသာသနာတော်၏ အနှစ်သာရများကို ကမ္ဘာတစ်ဝှမ်းကမှန်ကန်ကျယ်ပြန့်စွာ သိရှိ
နားလည် စေနိုင်ရန် IT နည်းပညာနှင့် ကမ္ဘာသုံးအင်္ဂလိပ်ဘာသာစကားကို ကောင်းစွာ
အသုံးပြုတတ်သာနည်းပညာရှင်များမွေးထုတ်ကာ သာသနာပြုလုပ်ငန်း ကြိုးပမ်းဆောင်ရွက်ရန်
ဆုံးဖြတ်ကြပါသည်။
၎။ ဖွင့်လှစ်ထားရှိသည့် ဓမ္မကျောင်းတော် များတွင်တာဝန်ထမ်းဆောင်နေကြသည့် ဆရာ၊ဆရာမ
များ၏အရည်အသွေးထက်မြတ်ရေးအတွက် ဖြည့်ဆည်းပေးရမည့် လိုအပ်ချက်မှန်သမျှကို
ဓမ္မကျောင်းတော်အသီးသီးက စွမ်းအားရှိသမျှ ငွေအား၊ လူအားစိုက်ထုတ်ကာဦးစားပေးလုပ်ငန်း
အဖြစ်ဆောင်ရွက်ရန် ဆုံးဖြတ်ကြပါသည်။
၅။ ဓမ္မကျောင်းတော်အချင်းချင်း သတင်းဖလှယ်နိုင်ရေးအတွက်စွမ်းဆောင်ပေးနိုင်သည့် ကျောင်းတိုင်းက
Facebook Accountဖွင့်လှစ်ကြရန်ဆုံးဖြတ်ကြပါသည်။...................
Subscribe to:
Posts (Atom)