Saturday, February 15, 2014

မြန်မာနိုင်ငံတစ်ဝန်းတွင် ဖွင့်လှစ် သင်ကြားလျှက်ရှိသည့် ယဉ်ကျေးလိမ္မာသင်တန်းများ၊ နွေရာသီ ယဉ်ကျေးမှုသင်တန်းများ၊ ဓမ္မကျောင်းတော်များနှင့် Sunday Dhamma School စသည်တို့တွင် ယဉ်ကျေးမှု ဘာသာရပ်ကို သင်ကြားပြသနေသည့် ဆရာ၊ဆရာမများအား နေပြည်တော် သပြေပင်ကျေးရွာ ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှု နည်းပြဆရာဖြစ်သင်တန်းနှင့် မွမ်းမံသင်တန်းတို့ကို ဖွင့်လှစ်ပို့ချလျှက်ရှသည်။
               သင်တန်းတွင် ကလေးဗဟိုပြုချဉ်းကပ်သင်ကြားနည်း(Child-Centred Approach) ဘာသာရပ်ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲများ(Work-shop) စင်တင်စကားပြောပွဲများ(Role Play)စကားရည်လုပွဲများ(Debate)အုပ်စုလိုက်ဆွေးနွေးပွဲများ(Group Discussion)စာတမ်းများပြုစုတင်ပြစေခြင်း(Buddha Dhamma Paper Presentation) တို့ဖြင့် ဗုဒ္ဓဘာသာယဉ်ကျေားမှုသင်ခန်းစာကို ကမ္ဘာ့အဆင့်မှီသင်ကြားနည်းစနစ် အမျိုးမျိုးဖြင့် လူငယ်များအား သင်ကြားတတ်စေရန် သင်ကြားပြသပေးနေပါသည်။
                   သင်တန်းတက်ရောက်လိုသူများသည် နည်းပြဆရာဖြစ်သင်တန်းရုံး ဖုန်းအမှတ် ၀၉ ၈၃၀ ၄၄ ၄၆၊ ၀၉ ၂၅၄၀ ၂၆၇၆၃၊ ၀၉ ၄၃၉၇၅၇၀၅၄နှင့် Email လိပ်စာ dhammatrainingcenter@gmail.com သို့ Online မှ ဆက်သွယ် လျှောက်ထားနိုင်ပါသည်။ လျှောက်ထားရာတွင် အမည်၊အသက်၊ ပညာအရည်အချင်း၊ အလုပ်အကိုင်နှင့် ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်တို့ကို ဖောပြပေးရပါမည်။
လစဉ် သင်တန်းဖွင့်လှစ်ထားရှိပြီး သင်တန်းကာလမှာ (၁၀) ရက်ဖြစ်ပါသည်။