Sunday, March 16, 2014

ဓမ္မကျောင်းတော်တက်နေကြသည့် ကလေးငယ်များ ကိုယ်အမူအရာ နှုတ်အမူအရာပြောင်းလဲလာမှုမှတ်တမ်း


                                           (၁)
ကျောင်းသားအမည်                  -မောင်နိုင်ဦး
ဓမ္မကျောင်းတော်အမည်            -နေပြည်တော်၊ ဒက္ခိဏသီရိ၊ ရန်အောင်မြင်
အတန်း                                     -ပဉ္စမတန်း
မိဘအမည်                               -ဦးအောင်စိုး၊ဒေါ်မေဆွိ
အလုပ်အကိုင်                          -တောင်သူ
နေရပ်                                     -ရန်အောင်မြင်
            မောင်နိုင်ဦးသည် လယ်သမားမိသားစုမှ မွေးဖွားလာသူလေးဖြစ်သည်။ သူသည် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု ဓမ္မကျောင်းတော်မတက်ခင် ဆိုးသွမ်းသော လူငယ်လေးတစ်ယောက်ဟု အများကသိကြ ပါသည်။  သူသည် ရံဖန်ရံခါ မိဘများကို ရိုက်နှက်တက်သည်အထိ ဆိုးသွမ်းပါသည်။ ထိုသို့ဆိုးသွမ်း ရသည်မှာ ပတ်ဝန်းကျင်၏ ရိုက်ခတ်မှု ကြောင့် အတုမြင် အတက်သင်လည်းဖြစ်နိုင်ပါသည်။  လယ်သမားမိသားစုဖြစ်ရ်ျ မိဘများမအားလပ်သောကြောင့် ဆုံးမမှု အားနည်းခဲ့သဖြင့်  ဆိုးသွမ်းနေခြင်း လည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။
            ယခုအခါ မောင်နိုင်ဦးလေးသည် ဓမ္မကျောင်းတော် သို့တက်ရောက်လာသဖြင့် သူ့ဘဝတွင် ထူးထူးခြားခြား ပြောင်းလဲမှုများ ရှိလာပါသည်။ သူသည်ကျောင်းတွင် အပြောအဆိုယဉ်ကျေးလာရုံသာမက ဘုရားဆွမ်းတော်ကပ်ခြင်း၊ ဆရာ၊ဆရာမများ၏ဆုံးမမှုကို ဂရုတစိုက် လိုက်နာမှု ရှိလာသည်ကို ထူးထူး  ခြားခြား တွေ့လာရပါသည်။ မိဘကို အိမ်မှု ကိစ္စရပ်များကို ကူညီလုပ်ကိုင်ပေးလာသည့် အပြင် ယခင်မသိနားလည်ခင်က နှုတ်ဖြင့် သာမက ကိုယ်ထိလက်ရောက် လွန်ကျူး မိခဲ့သည့်မိဘများ ကိုနှုတ်ဖြင့် တောင်းပန်ရုံမက ခြေဖမိုးကို ညစဉ် ရှိခိုးအိပ်လာပါသည်။ရန်အောင်မြင်ဓမ္မကျောင်းတော် ၏ကျောင်းတက်မှန်သော ကျောင်းသားတစ်ဦးဖြစ်ပါသည်။
                                                (၂)
ကျောင်းသားအမည်                  -မောင်အာကာပြည့်
ဓမ္မကျောင်းတော်အမည်            -ပြင်ဦးလွင်မြို့၊ မဟာဂန္ဓာရုံကျောင်းတိုက်
အတန်း                                     -ဆဌမတန်း
မိဘအမည်                               -ဦးဇော်ဝင်း+ဒေါ်လွင်လွင်စိုး
အလုပ်အကိုင်                          -တောင်သူ
နေရပ်                                      -ငါးရံ့ချောင်းရပ်၊ ပြင်ဦးလွင်
            ပြင်ဦးလွင်မြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဓမ္မကျောင်းတော်ကို နေပြည်တော် ရန်ကင်းတောရ ဆရာတော်၏သြဝါဒကို ခံယူကာ ဆရာဒကာ လက်တွဲညီစွာ ၂၀၁၁ ခုနှစ်မေလမှ စတင်ပြီးဖွင့်လှစ် ခဲ့ခြင်း ဖြစ်ပါသည်။ ဓမ္မကျောင်းတော် တက်နေသည့်မောင်အာကာပြည့်သည် အတန်းကျောင်း တွင် တစ်နှစ်ပြီးတစ်နှစ် စားမေးပွဲများ အောင်မြင်ခဲ့သော်လည်း ပတ်ဝန်းကျင်းကိုအမြဲလိုလို ရန်လိုတက်သော အပြုအမူမှာမူ ငယ်စဉ်ကလေးဘဝ ကပင် ရှိနေပါသည်။ သားကလေးမောင်အာကာပြည့်သည် များသောအားဖြင့်သုန်မှုန် ခက်ထန်သော မျက်နှာ အနေအထားဖြစ်နေပါသည်။
                 ဆရာဆရာမ များ လူကြီးသူမများ၏ ပြောစကားကို နားထောင်ရကောင်းမှန် လည်းမသိပါ။ အရိုအသေ ပြုရကောင်းမှန်းလည်းမသိပါ။ ပတ်ဝန်းကျင်  သူငယ်ချင်းများကိုလည်းရင်းရင်းနှီးနှီး မရှိ။ ခေါ်ပြော နှုတ်ဆက်ဆက်ဆံခြင်းပင်မရှိပေ။ အတန်းကျောင်းတွင်သင်ကြားနေသောဆရာ၊ဆရာများ၏ အမြင်တွင် ရိုင်းစိုင်း ထူးခြားနေသော အပြုအမူပိုင်ရှင်လေးဖြစ်နေပါသည်။
               ဓမ္မကျောင်းတော်ယဉ်ကျေးမှုသင်တန်းတက်ရောက် ပြီး(၃)လ ခန့်ကြာသော အခါတွင် အမူအရာ များတဖြည်းဖြည်း နူးညံ့ ပျော့ပြောင်းလာပါသည်။ အနန္တဂိုဏ်းဝင်ဆရာ၊ဆရာမများအပေါ်တွင် ရိုရိုသေသေ နှုတ်ဆက်တတ်လာပါသည်။ ဆရာ၊ဆရာမ များ၏ဝေယျာဝစ္စကိုလည်း ဆောင်ရွက် တက်လာပါသည်။ သုန်မှုန်နေသော မျက်နှာပေးမှ ကြည်လင်ရွှင်ပြလာသောမျက်နှာပိုင် ရှင်လေးဖြစ်လာပါသည်၊ ယဉ်ကျေးမှု အဖွင့်သင်ခန်းစာ တွင် ပါရှိသည့်အတိုင်း "အမြဲပြုံးလို့် စိတ်ကောင်းသာထားဖြစ်အောင်သာ အားထားကြပါ၊ ထားနိုင်သူသာ ရုပ်အလှဆုံး မထားနိုင်သူ
ရုပ်အဆိုးဆုံး " အတိုင်း ဓမ္မကျောင်းတော် တက်ရောက်နေသော မောင်အာကာပြည့်သည် စာတွေ့လက်တွေ့ လိုက်နာ ကျင့် သုံးသွားခြင်းဖြင့် ရပ်ကွက်ထဲတွင် ရုပ်အလှဆုံစာရင်းဝင်သွားပေပြီ။
                                                  (၃)
ကျောင်းသူအမည်             -မဇင်မာမြင့်
ဓမ္မကျောင်းတော်အမည်      -နေပြည်တော်၊လယ်ဝေးမြို့နယ်၊ တောင်စဉ်အေးကျေးရွာ
အတန်း                          -ဆဌမတန်း
မိဘအမည်                      -ဦးသောင်းတင်ဌေး+ဒေါ်အေးမြင့်
အလုပ်အကိုင်                   -တောင်သူ
နေရပ်                            -တောင်စဉ်အေးရွာ၊ အင်ပင်အုပ်စု၊နေပြည်တော်၊လယ်ဝေးမြို့နယ်။
                                      တောင်စဉ်အေးရွာ၏ ရွာဦးဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်ထားသည့် ဓမ္မကျောင်းတော်သည် ၂၀၁၄ ခုနှစ် မေလတွင် သက်တန်း ၂ နှစ် ပြည့် ပြီဖြစ်ပါသည်။
မဇင်မာပြည့်သည် အတန်းတိုင်းတွင် အမြဲတမ်း  ပထမစဆုရရှိသူဖြစ်ပြီး လိမ္မာပြီးစာကြိုးစား သူလေးဖြစ်ပါသည်။မဇင်မာပြည့်၏မိဘများသည် စီးပွားရေးကြပ်တည်းသဖြင့် မိခင်မှ အရက်ချက် ရောင်း
ရန်ဆုံးဖြတ်ခဲ့ပါသည်။ စားဝတ်နေရေး အတွက် မိသားစု ဘဝ ရပ်တည်နိုင်ရေး အတွက်  မကောင်းသော အလုပ် ဆုသည် ပို လည်း မိဘများ မစဉ်းစားနိုင် ရှာတော့ပေ၊၊မဇင်မာပြည်သည် ဓမ္မကျောင်းတော် မပျက်မကွက် တက်ရောက်နေသူ ဖြစ်သောကြောင့် သရဏဂုံ၏အဓိပ္ပါယ် ငါးပါးသီလ၏အဓိပ္ပါယ် သီလစောင့်ထိန်းရခြင်းအကျိုး (၅)ပါး သီလပျက်ခြင်း၏အကျိုး (၅)ပါး၊ ဒုစရိုက်(၁၀)ပါး၊ သုစရိုက်(၁၀)ပါး တို့ကို လည်း ထဲထဲဝင်ဝင် ပိုပြီးသိရှိနေပြီဖြစ်ပါသည်။  တစ်ခုသောတနင်္ဂနွေနေ့ဝယ် ညဦးပိုင်းတွင် သမီးလေး မဇင်မာပြည့် တို့၏အိမ်တွင်သားအမိနှစ်ဦး၏ ကြီးကျယ်သော အစည်းအဝးတစ်ရပ်ကို ပြုလုပ်နေပါသည်။
                             "အမေ အရက်မရောင်းနဲ့တော့နော်"
                              "သမီး ဘာတွေပြောနေတာတုန်း"
                             "အရက်ရောင်းရင် ဘုရားမကြိုက်ဘူး ငရဲကြီးတယ်အမေ မကောင်းဘူး......." သမီး ငယ်၏ စကားမဆုံးခင် မိခင်ဒေါ်အေးမြင့်က
                               "ဟဲ့........အရက်မရောင်းရင် ဘာနဲ့ထမင်းစားမလဲ..?နင့်ကို ကျောင်းဘယ်လို ထားရမလဲ...?"ဟူသောမေးခွန်းအဆုံးတွင် ဆွေးနွေးပွဲပြီးသွားလေပြီ။ သမီးလေး မဇင်မာပြည့်
တနင်္ဂနွေ ဗုဒ္ဓဓမ္မကျောင်းတော်မှ ရရှိ ဗဟုသုတသည် မိခင်ကြီး၏ မေးခွန်းကို ဖြေနိုင်လောက်အောင် မပြည့်စုံတော့ပေ။ သို့သော် သမီးမဇင့်မာပြည့် ဇွဲမလျော့ပေ။ တနင်္ဂနွေ ယဉ်ကျေးမှု သင်တန်းကို
တက်ကာ လေ့လာနေပါသည်။ သုံးပတ်ကျော်ခန့် ကြာသော်-
                             “အမေ အရက်မရောင်းတော့ နဲ့တော့”
                             “ဟဲ့သမီး ...........အရက်မရောင်းရင် ငတ်မှာပေါ့၊ ကျောင်းစရိတ် ဘယ်ကရမလဲ......?မိခင်၏ စကားကို ရှစ်တန်းကျောင်းသူ သမီးကလေးက ပြတ်သားစွာ ဖြေဆိုလိုက် သည်။
                 “အမေ သမီးကို အရက်ရောင်းပြီးမှ တော့ ကျောင်းမထားတော့နဲ့နော်..............အမေ”
သမီးဇင်မာပြည့် ၏မိခင် ဖြစ်သူ ဒေါ်အေးမြင့်သာ ကျောင်းသူငယ်ဘဝတွင် သမီးငယ်သိသလောက် သိခဲ့မည် ဆိုလျှင်အရက်ရောင်းပြီး မိသားစု၏စားဝတ်နေရေးကို ဖြေရှင်းရှာမည်မဟုတ်ပေ။
                                                  (၄)
ကျောင်းသူအမည်                      -နန်းဝတ်မှုန်
ဓမ္မကျောင်းတော်အမည်             -နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ရန်အောင်မြင်
အတန်း                                      -ပဉ္စမတန်း
မိဘအမည်                                -ဦးကိုစိုး+ဒေါ်စောယုမွန်
အလုပ်အကိုင်                            -ကျပန်း
                ယနေ့ခေတ် လူငယ်မောင်မယ်များသည် မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုအပေါ် တန်ဖိုးထားမှုလျော့နည်းလာခြင်း၊ လူကြီးမိဘ၊ဆရာသမားတို့အပေါ်တွင်ရိုသေလေးစားမှုခေါင်းပါး လာခြင်း၊ အနေအထိုင် အပြောအဆို တို့သည် မြန်မာ့ယဉ်ကျေးမှုနှင့်ဆန့်ကျင်ဖတ် သို့ပြောင်းလဲလာခြင်း တို့ကို တွေ့မြင်နေရပါသည်။
              ရွာဦးကျောင်းတွင်ဖွင့်လှစ်ထားသည့် ဓမ္မကျောင်းတော်ကို အပါတ်စဉ် တနင်္ဂနွေနေ့တိုင်း  တက်ရောက်ခြင်းဖြင့် ဗုဒ္ဓသာသနုာတော်ကို ချစ်မြတ်နိုးစိတ် နိုးကြားလာခြင်းဘုရားရှိခိုး၊ ငါးပါးသီလ၊ ယဉ်ကျေးမှု သာသာ ရပ်မျာကို သင်ကြားနာယူခွင်ရသောကြောင့် အကျင့်စာရိတ္တမြင့်မားလာခြင်း၊ အပြောအဆိုယဉ်ကျေးလာခြင်း စသည့် အကျိုးကျေးဇူးများ ရရှိလာသည် ကို
တွေ့ရပါသည်။
              ယခင်က မနန်းဝတ်မှုန်မှာ မိသားစု နှင့်ကျောင်းတွင် ဆိုးသွမ်းသောကလေးငယ်တစ်ဦးဖြစ်ပါသည်။  မိဘများ ဝေယျာဝစ္စခိုင်းသည်ကို မဆောင်ရွက်ခြင်း၊စာသင်ခန်းထဲတွင်အတန်းဖော်များနှင့် မကြာခဏ ရန်ဖြစ်တက်ခြင်း၊ညစဉ် ဘုရားရှိခိုးအိပ်ရမှန်းမသိခြင်း စသည့် မယဉ်ကျေးသည့် အမူအရာများဖြင့် ကြီပြင်းလာခဲ့ရှာပါသည်။
            ယခုအခါ တနင်္ဂနွေ ဓမ္မကျောင်းတော်သို့တက်ရောက်နေသော မနန်းဝတ်မှုန်မှာယခင်ကဲ့သို့မဆိုး သွမ်းတော့ပါ။ ရန်အောင်မြင် ဓမ္မကျောင်တော်သည် (၂)နှစ် သက်တမ်းရှိပါသည်။သမီးငယ် မနန်းဝတ်မှုန်၏ ကျောင်းတက်ခဲ့သည့် ရက်များလည်းမနည်းတော့ပါ။ ဆရာ ဆရာမများ၏ ဂရုစိုက်သွန်သင်ဆုံးမမှုအောက်တွင် အသိများတိုးကား   မနန်းဝတ်မှုန် သည် မိခင်ကို ထမင်းချက်
ကူလာပါသည်။ ရေခပ်ပေးတက်လာပါသည်။ အစစအရာရာ မိဘကို ကူညီ လုပ်ကိုင်ဆောင် ရွက်ပေးတက်လာပါသည်။ အတန်းဖော်သူငယ်ချင်းများနှင့်လည်းချစ်ချစ်ခင်ခင် နေတတ်လာပါသည်။
ဗုဒ္ဓဘာသာအမျိုးကောင်းပီပီ ညစဉ် ဘုရားရှိခိုးအိပ်ခြင်းများပြုလုပ်ခြင်း မိဘများကိုလည်းရှိခိုးအိပ်ခြင်း များပြုလုပ်ခြင်းတို့ကိုလည်းတွေ့ရပါသည်။ တနင်္ဂနွေ နေ့တိုင်း ဓမ္မကျောင်းတော် တက်ရောက်သည့်
အကျိုးကျေးဇူးကြောင့် လိမ္မယဉ်ကျေးသော သမီးကောင်းတစ်ဦးဖြစ်လာပါသည်။
                                                           (၅)
ကျောင်းသူအမည်                          -မကြယ်စင်ထူး
ဓမ္မကျောင်းတော်အမည်                 -သတ္တုဗေဒသုတေသနနှင့် ဖွိံ့ ဖြိုးရေးလုပ်ငန်းဌာန။ အေလာမြို့
အတန်း                                          -ဒုတိယတန်း
မိဘအမည်                                     -ဦးစောပလေတူး=ဒေါ်အေးမိစံ
နေရပ်                                            -သတ္တုဗေဒသုတေသနနှင့် ဖွိံ့ဖြိုးရေးလုပ်ငန်းဌာန၊ ဝန်ထမ်းအိမ်ရာ။
                  မစင်ကြယ်ထူးသည် သာမန်ဝန်ထမ်း မိသားစုမှမွေးဖွားလာသောဒုတိယ တန်းကျောင်းသူလေးဖြစ်သည်။  သူသည် မွေချင်းနှစ်ယောက်အနက် အငယ်ဆုံးသမီး
လေးဖြစ်ပါသည်။ သူ၏ဖခင်သည် ဘာသာခြား ခရစ်ယာန်တစ်ဦးဖြစ်ပါသည်။ မိခင်မှာ ဗုဒ္ဓဘာသာတစ်ယောက်ဖြစ်ပါသည်။သူတို့ မိသားစုမှာ မိမိ နှစ်သက် ရာဘာသာကို လွတ်လပ်စွာ ကိုးကွယ်ခွင့်
ပြုထားသည်ကို တွေ့ရသည်။ သူတို့မိသားစု၏ လွတ်လပ်စွာ ကိုးကွယ်မှု သဘောထားသည် အိမ်ထောင်ဦးစီး၏ စိတ်နေသဘောထား ကြီးမြတ်မှု ကို ပြသနေသည်။
                 ယခုအခါ သမီးငယ် မစင်ကြယ်ထူး သည် တနင်္ဂနွေနေ့တိုင်း ဓမ္မကျောင်းတော်ကို ပုံမှန်တက်ရောက်နေသည့်အတွက် ဆရာ၊ဆရာမများ ကို ရိုသေတတ်လာပါသည်။
အပြောအဆို၊ အမူအယာ ယဉ်ကျေးသိမ်မွေ့လာပါသည်။ ထူးခြားသည်မှာ ညစဉ် မိဘကန်တော့ပြီး၊ ဘုရားရှိခိုးပြီးမှ အိပ်ယာဝင်တက်သည့် အလေ့အထ တိုးပြီးလာပါသည်။ ကိုးကွယ် ယုံကြည်မှု
အစစ်အမှန် ကို ကလေးငယ်၏ ဘဝမှာ ရရှိပါစေဟု ဆန္ဒပြုလိုက်ပါသည်။

ဓမ္မကျောင်းတော်များ ဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်

              တိုင်းပြည်၏အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တ မဏ္ဍိုင်  မြင့်မားကာ အမျိုးဘာသာ၊ သာသနာကို ချစ်မြတ်နိုးတက်သည့် လူတော် လူကောင်းများ  ပေါ်ထွန်းလာစေရန် ရည်ရွယ်ပါသည်။ နိဒါန်း ဓမ္မကျောင်းတော်များ ဖွင့်လှစ်ရခြင်း၏အကြောင်မှာ ယနေ့ဗုဒ္ဓဘာသာဝင်လူငယ်မောင်မယ်တို့သည် ယနေ့ခေတ်စနစ်၏အခြေအနေ အကြောင်းအမျိုးမျိုးကြောင်း ဘုန်းတော်ကြီး ကျောင်းများသို့မရောက်ကြတော့ပါ။ မိဘများကလည်း ဘာသာရပ်များတစ်ခုပြီးတစ်ခုတက်စေခြင်ပြီး စာမေးပွဲကို အမှတ်ကောင်းကောင်းဖြင့်အောင်စေခြင်သောကြောင့် ကျူရှင်များကို အဆက်မပြတ် ပို့နေကြသည်။ စာမေးပွဲတစ်နှစ်ပြီးလျှင် ကွန်ပျူတာသင်တန်းများ၊ နိုင်ငံခြားဘာသာစကားသင်တန်းများကို တက်ခိုင်းပြန်ပါသည်။ ထို့ကြောင့်ကလေးသူငယ်များဘုန်းတော်ကြီးကျောင်းများနှင့် တဖြည်းဖြည်းဝေးကွာပြီးလာကြရပါသည်။ မိဘများကလည်းသားငယ် သမီးငယ်များကိုလိမ္မာယဉ်ကျေးစေနိုင်မည့်သင်ခန်းစာများကို သင်ကြားရန်ပင် မအားလပ်ရ်ျသော်လည်းကောင်း၊ မကျွမ်းကျင်ရ်ျသော်လည်းကောင်း မျက်ခြေပျက်နေကြပါသည်။ သားသမီးများ မနိုင်မနင်းဖြစ်ကား ဆိုးသွမ်းလာသောအခါတွင်မူ မိဘများရင်ကျိုးကြရပါသည်။ ထို့ကြောင့် အချိန်အနှင်းသေးမီ မျိုးဆက်သစ်ကလေးငယ်များ ၏ရင်ထဲ အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးတက်သည့်စိတ် ပျိုးထောင်ပေးနိုင်ရန် နိုင်ငံတစ်ဝှမ်း ဗုဒ္ဓဓမ္မကျောင်းတော်များဖွင့်လှစ်ရခြင်းဖြစ်ပါသည်။