Friday, September 12, 2014

လုပ်ဆောင်ချက်များ

          ဓမ္မကျောင်းတော် နည်းပြဆရာဖြစ်သင်တန်းဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို ကျယ်ပြန့်စေရန်အလို့ငှာ Media နှင့် သက်ဆိုင်သည့် သတင်းစာများ၊ Website၊ Facebook များ ပေါ်သို့  ဓမ္မကျောင်းတော်၏ လုပ်ငန်းဆောင်ရွက်ချက် သတင်းများကို အချိန်နှင့် တပြေးညီ တင်ပြကာ ဆောင်ရွက်လျက်ရှိပါသည်။ ထိုမျှမက များမကြာမီအချိန်တွင် မြန်မာနိုင်ငံသူနိုင်ငံသားများ လက်ထဲသို့ တယ်လီဖုန်းများ ရောက်ရှိလာပြီး အင်တာနက်ကိုလည်း မြန်မြန်ဆန်နှင့် အသုံးပြုလာနိုင်တော့မည်ဖြစ်ပါသည်။ ဤအခြေအနေကို သာသနာတော်အတွက် အရေးတကြီး အသုံးပြုနိုင်ရန် ဓမ္မကျောင်းတော်နည်းပြဆရာဖြစ်သင်တန်းဌာန၏ သြဝါဒစရိယဆရာတော်မှ နိုင်ငံတစ်ကာတွင် ကျင့်သုံးနေကြသည့် Online Teaching နည်းတူ ဓမ္မကျောင်းတော် သင်ခန်းစာများကို Online ပေါ်မှ အလွယ်တကူသင်ကြားနိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။ ၄င်းဆောင်ရွက် ချက်များမှာ ----
၁။       ဓမ္မကျောင်းတော် ယဉ်ကျေးလိမ္မာသင်တန်းဆိုင်ရာ သတင်းဆောင်းပါးများ၊ သင်ကြားနည်းသင်ခန်းစာများ၊ သင်တန်းလျောက်လွှာများနှင့် ယဉ်ကျေးလိမ္မာစာအုပ်များကို အလွယ်တကူ Download ရယူနိုင်ရန်အတွက် Website ပေါ်တွင်တင်ထားပါသည်။ သင်တန်းတက်ရောက်လိုသူများအနေဖြင့်လည်း အဆိုပါ Website မှတစ်ဆင့် ဆက်သွယ်လျှောက်ထားနိုင်ရန်နှင့် သင်တန်းကျောင်း၏ ဖွဲ့စည်းပုံအကြောင်းများကို လည်း အလွယ်တကူ ဝင်ရောက် လည်ပတ် ကြည့်ရှုနိုင်ရန်အတွက် စီစဉ်ထားပါသည်။
၂။       မြန်မာတစ်နိုင်ငံလုံးတွင် ဓမ္မကျောင်းတော်ယဉ်ကျေးလိမ္မာသာသနာပြုလုပ်ငန်းများကိုဆောင်ရွက်နေကြသည့် ဆရာ၊ဆရာမများ အချင်းချင်းအခက်အခဲများအား တင်ပြအကူအညီတောင်းခြင်းများ၊ ဝိုင်းဝန်းကူညီဖြေရှာခြင်းများ၊ သင်ကြားနည်းများအပါအဝင်၊ သတင်းများကိုလည်း အချင်းချင်း ဗဟုသုတအဖြစ် ဖလှယ်နိုင်ရန် အတွက် Facebook နှင့် Viber အကောင့်များဖွင့်၍ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုရန် အချိန်ကို မိမိတို့ ရောက်ရှိနေပြီဖြစ်ပါသည်။
          ဤသင်တန်းသို့တက်ရောက်နေသည့် ဆရာ၊ဆရာမများအနေဖြင့် နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာ သင်တန်းသားများအဖွဲ့ (Viber Group) ဟူ၍ အဖွဲ့အစည်း တစ်ခုကို ဖွဲ့စည်းကာ အင်တာနက်မှတစ်ဆင့် ခေတ်နှင့် အညီသာသနာပြုလုပ်ငန်းများကို လုပ်ဆောင်နိုင်စေခြင်းအလို့ငှာ ဤလမ်းညွှန်စာအုပ်ကို ထုတ်ဝေရခြင်းဖြစ်ပါသည်။

No comments: