Sunday, March 16, 2014

ဓမ္မကျောင်းတော်များ ဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်

              တိုင်းပြည်၏အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တ မဏ္ဍိုင်  မြင့်မားကာ အမျိုးဘာသာ၊ သာသနာကို ချစ်မြတ်နိုးတက်သည့် လူတော် လူကောင်းများ  ပေါ်ထွန်းလာစေရန် ရည်ရွယ်ပါသည်။ နိဒါန်း ဓမ္မကျောင်းတော်များ ဖွင့်လှစ်ရခြင်း၏အကြောင်မှာ ယနေ့ဗုဒ္ဓဘာသာဝင်လူငယ်မောင်မယ်တို့သည် ယနေ့ခေတ်စနစ်၏အခြေအနေ အကြောင်းအမျိုးမျိုးကြောင်း ဘုန်းတော်ကြီး ကျောင်းများသို့မရောက်ကြတော့ပါ။ မိဘများကလည်း ဘာသာရပ်များတစ်ခုပြီးတစ်ခုတက်စေခြင်ပြီး စာမေးပွဲကို အမှတ်ကောင်းကောင်းဖြင့်အောင်စေခြင်သောကြောင့် ကျူရှင်များကို အဆက်မပြတ် ပို့နေကြသည်။ စာမေးပွဲတစ်နှစ်ပြီးလျှင် ကွန်ပျူတာသင်တန်းများ၊ နိုင်ငံခြားဘာသာစကားသင်တန်းများကို တက်ခိုင်းပြန်ပါသည်။ ထို့ကြောင့်ကလေးသူငယ်များဘုန်းတော်ကြီးကျောင်းများနှင့် တဖြည်းဖြည်းဝေးကွာပြီးလာကြရပါသည်။ မိဘများကလည်းသားငယ် သမီးငယ်များကိုလိမ္မာယဉ်ကျေးစေနိုင်မည့်သင်ခန်းစာများကို သင်ကြားရန်ပင် မအားလပ်ရ်ျသော်လည်းကောင်း၊ မကျွမ်းကျင်ရ်ျသော်လည်းကောင်း မျက်ခြေပျက်နေကြပါသည်။ သားသမီးများ မနိုင်မနင်းဖြစ်ကား ဆိုးသွမ်းလာသောအခါတွင်မူ မိဘများရင်ကျိုးကြရပါသည်။ ထို့ကြောင့် အချိန်အနှင်းသေးမီ မျိုးဆက်သစ်ကလေးငယ်များ ၏ရင်ထဲ အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးတက်သည့်စိတ် ပျိုးထောင်ပေးနိုင်ရန် နိုင်ငံတစ်ဝှမ်း ဗုဒ္ဓဓမ္မကျောင်းတော်များဖွင့်လှစ်ရခြင်းဖြစ်ပါသည်။

Saturday, March 15, 2014

ဓမ္မကျောင်းတော်
နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် သပြေပင်ကျေးရွာ ရန်ကင်းတောရ ပရိယတ်၊ ပဋိပတ်ဌာနရှိ ဓမ္မကျောင်းတော် အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှု နည်းပြဆရာဖြစ်သင်တန်းဌာနတွင် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ဓမ္မကျောင်းတော် ဆိုင်ရာ မြို့နယ်ကော်မတီများ ဓမ္မကျောင်းတော် အသီးသီးမှတာဝန်ရှိသူများနှင့် ၂၀၁၄ ခုနှစ် သုတစုံလင်ဗုဒ္ဓ၀င်စာမေးပွဲ(ပထမအဆင့်) ကျင်းပရေး(နေပြည်တော် ကောင်စီနယ်မြေ စာဖြေဌာန) ကော်မတီတို့သည် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ၁၂ ရက် ၃ လ ၂၀၁၄ ခုနှစ် ဗုဒ္ဓဟူးနေ့ မွန်လွဲတစ်နာရီအချိန်တွင်ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးသို့ ဓမ္မကျောင်းတော်နည်းပြဆရာဖြစ်သင်တန်းဌာနမှတာဝန် ရှိသူများ၊ မြို့နယ်ကော်မတီ အသီးသီးမှတာဝန်ရှိသူများ ဓမ္မကျောင်းတော်အသီးသီးမှတာဝန်ရှိသူများ စုစုပေါင်း(၃၀)ဦးတတ်ရောက်ခဲ့သည်။ ထိုအစည်းအဝေးတွင် သုသစုံလင်ဗုဒ္ဓ၀င်ပြိုင်ပွဲ ၀င်ခွင့်စာမေးပွဲပထမအဆင့်ကို နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အလယ်တန်းအဆင့်ကျောင်းသားကျောင်းသူများ စိတ်ဝင်တစားပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့် အဆင့်မြင့်မြင့် အောင်မြင်နိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်ရန် အတွက် ကိစ္စများဆွေးနွေးညှိနှိုင်းကြပါသည်။

 

Monday, March 10, 2014

ဓမ္မကျောင်းတော်ဆရာ၊ဆရာမမွမ်းမံသင်တန်းဖွင့်လှစ်မည်

ဓမ္မကျောင်းတော်ဆရာ၊ဆရာမ မွမ်းမံသင်တန်း ကို နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ သပြေပင်ကျေးရွာ၊ ရန်ကင်းတောရကျောင်း ဓမ္မကျောင်းတော်နည်းပြဆရာဖြစ်သင်တန်းဌာန တွင်ကျင်းပမည်းဖြစ်ပါသည်။ သင်တန်းတွင် ပို့ချမှုများကို ကမ္ဘာ့အဆင့်မှီပညာသင်ကြားနည်းဖြင့် သင်တန်းသားများကို ပို့ချပေးပါသည်။ သင်တန်းလျှောက်လွှာကို dhammatrainingcenter@gmail.com တွင်ဝင်ရောက်လျှောက်ထားနိုင်ပါသည်။













Dhamma Teachers have attended for Dhamma School in the whole country

 

Dhamma Teacher has attended in Dhamma Training Center

ဓမ္မကျောင်းတော်

Dhamma Schools have opened in Nay Pyi Taw





Tuesday, February 18, 2014

ဆရာ၊ဆရာများရဲ့အခန်းကဏ္ဍဟာ အများကြီးအရေးပါပါတယ်

ဓမ္မစာပေ ယဉ်ကျေးမှုဘာသာရပ်ကို သင်ကြားပေးနေသည့် ဆရာ၊ဆရာမကိုယ်တိုင် အရည်အသွေးမြင့်မားနေမှသာ ကလေးတွေကို သင်ကြားရာမှာ အောင်မြင်နိုင်မှာဖြစ်ပါတယ်။