Saturday, March 15, 2014

ဓမ္မကျောင်းတော်
နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် သပြေပင်ကျေးရွာ ရန်ကင်းတောရ ပရိယတ်၊ ပဋိပတ်ဌာနရှိ ဓမ္မကျောင်းတော် အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှု နည်းပြဆရာဖြစ်သင်တန်းဌာနတွင် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ဓမ္မကျောင်းတော် ဆိုင်ရာ မြို့နယ်ကော်မတီများ ဓမ္မကျောင်းတော် အသီးသီးမှတာဝန်ရှိသူများနှင့် ၂၀၁၄ ခုနှစ် သုတစုံလင်ဗုဒ္ဓ၀င်စာမေးပွဲ(ပထမအဆင့်) ကျင်းပရေး(နေပြည်တော် ကောင်စီနယ်မြေ စာဖြေဌာန) ကော်မတီတို့သည် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ၁၂ ရက် ၃ လ ၂၀၁၄ ခုနှစ် ဗုဒ္ဓဟူးနေ့ မွန်လွဲတစ်နာရီအချိန်တွင်ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးသို့ ဓမ္မကျောင်းတော်နည်းပြဆရာဖြစ်သင်တန်းဌာနမှတာဝန် ရှိသူများ၊ မြို့နယ်ကော်မတီ အသီးသီးမှတာဝန်ရှိသူများ ဓမ္မကျောင်းတော်အသီးသီးမှတာဝန်ရှိသူများ စုစုပေါင်း(၃၀)ဦးတတ်ရောက်ခဲ့သည်။ ထိုအစည်းအဝေးတွင် သုသစုံလင်ဗုဒ္ဓ၀င်ပြိုင်ပွဲ ၀င်ခွင့်စာမေးပွဲပထမအဆင့်ကို နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အလယ်တန်းအဆင့်ကျောင်းသားကျောင်းသူများ စိတ်ဝင်တစားပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့် အဆင့်မြင့်မြင့် အောင်မြင်နိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်ရန် အတွက် ကိစ္စများဆွေးနွေးညှိနှိုင်းကြပါသည်။

 

Monday, March 10, 2014

ဓမ္မကျောင်းတော်ဆရာ၊ဆရာမမွမ်းမံသင်တန်းဖွင့်လှစ်မည်

ဓမ္မကျောင်းတော်ဆရာ၊ဆရာမ မွမ်းမံသင်တန်း ကို နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ သပြေပင်ကျေးရွာ၊ ရန်ကင်းတောရကျောင်း ဓမ္မကျောင်းတော်နည်းပြဆရာဖြစ်သင်တန်းဌာန တွင်ကျင်းပမည်းဖြစ်ပါသည်။ သင်တန်းတွင် ပို့ချမှုများကို ကမ္ဘာ့အဆင့်မှီပညာသင်ကြားနည်းဖြင့် သင်တန်းသားများကို ပို့ချပေးပါသည်။ သင်တန်းလျှောက်လွှာကို dhammatrainingcenter@gmail.com တွင်ဝင်ရောက်လျှောက်ထားနိုင်ပါသည်။













Dhamma Teachers have attended for Dhamma School in the whole country

 

Dhamma Teacher has attended in Dhamma Training Center

ဓမ္မကျောင်းတော်

Dhamma Schools have opened in Nay Pyi Taw





Tuesday, February 18, 2014

ဆရာ၊ဆရာများရဲ့အခန်းကဏ္ဍဟာ အများကြီးအရေးပါပါတယ်

ဓမ္မစာပေ ယဉ်ကျေးမှုဘာသာရပ်ကို သင်ကြားပေးနေသည့် ဆရာ၊ဆရာမကိုယ်တိုင် အရည်အသွေးမြင့်မားနေမှသာ ကလေးတွေကို သင်ကြားရာမှာ အောင်မြင်နိုင်မှာဖြစ်ပါတယ်။

နည်းပြဆရာဖြစ်သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်

၁။                    အရည်အချင်းပြည့်ဝသည့် ဓမ္မကျောင်းတော် ဆရာ၊ဆရာမများနှင့် ဗုဒ္ဓသာသနာပြု လူပဂ္ဂိုလ်များ ပေါ်ထွက်လာစေရန်။
၂။                   CCA နည်းဖြင့် ဗုဒ္ဓစာပေများကိုကျောင်းသားလူငယ်များအား သင်ကြားပို့ချနိုင်မည့် နည်းပြဆရာ၊ဆရာမများ ပေါ်ထွက်လာစေရန်။
 ၃။                  နိုင်ငံအနှံ့ ဖွင့်လှစ်ပြီးသမျှ အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းများ ကာလရှည်ကြာ တည်တံ့ခိုင်မြဲစေရန်နှင့် တက်တက်ကြွကြွ၊ ဇွဲစိတ်သန်သန် ပါဝင်ဆောင်ရွက်နိုင်မည့် ကော်မတီများ ဖွဲ့စည်းစည်းရုံးဆောင်ရွက်နိုင်ရန်။